မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များ
(၅.၅.၂၀၁၇)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကော်မတီမှ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ရွာမရပ်ကွက်နှင့်ကပ်လျက် လယ်ယာမြေများအားအိမ်ခြံကွက်အဖြစ်သတ်မှတ်၍ တစ်ကွက်လျှင် (၂၅၅၀၀၀)ကျပ်ဖြင့် အုပ်ချုပ်ရေးမှူးဦးခင်ဇော်မှစည်းကမ်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ ရောင်းချနေမှုကိစ္စရပ်များနှင့်ပတ်သက်၍ သွားရောက်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။
ထို့နောက် ကျိုက်ထိုမြို့နယ်၊ ကျောက်ကလပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိန်ဌေး (ခ) ဦးစိန်အေးသည် ကျေးရွာပိုင်ကွင်းအမှတ် (၉၂)ရှိ အိမ်အကွက်ပေါင်း (၂၇)ကွက် ကို (၁၄.၂.၂၀၁၇)ရက်နေ့တွင် တစ်ကွက်လျှင် (၅၀၀၀၀)ကျပ်ဖြင့် ရောင်းချခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။



