မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁.၄.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူနှင့် ကော်မတီဝင်များသည် တိုင်ကြားစာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြ ပါသည်။
ကော်မတီအစည်းအဝေးကို (၂၁.၄.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၀၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


