မွန်ပြည်နယ်လွှတ်တော်ဒုတိယအကြိမ်ပြည်နယ်လွှတ်တော် လွှတ်တော်လုပ်ငန်းလွှဲပြောင်းခြင်းနှင့် လွှတ်တော်မိတ်ဆက်အစီအစဉ်ကိစ္စ အစည်းအဝေး ကျင်းပခြင်း
၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်သို့ လွှတ်တော်လုပ်ငန်းများ လွှဲပြောင်းခြင်းနှင့်လွှတ်တော်မိတ်ဆက်အစီအစဉ် ဆောင်ရွက်ခြင်း၊ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကျင်းပခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်လုပ်ငန်း လွှဲပြောင်းရေးကော်မတီများ၊ ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ နိုင်ငံရေးပါတီများမှ အရွေးခံကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လွှတ်တော်လုပ်ငန်းလွှဲပြောင်းရေးကော်မတီဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ လွှတ်တော် မိတ်ဆက်အစီအစဉ်များ၊ လွှတ်တော်မိတ်ဆက်အစီအစဉ် ကျင်းပဆောင်ရွက်မည့် အစီအစဉ်၊ ဒုတိယအကြိမ် ပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး ကျင်းပရေး စီမံချက်များကို တင်ပြဆွေးနွေးညှိနှိုင်းကြပါသည်။
လွှတ်တော်မိတ်ဆက်အစီအစဉ်ကို ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကျင်းပမည့်ဖြစ်ပြီး လွှတ်တော် လုပ်ငန်း လွှဲပြောင်းခြင်းကို ဇန်နဝါရီလ ၃၁ ရက်၊ မွန်းလွှဲပိုင်းတွင် ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ကြသည်။



