3902

မွန်ပြည်နယ်လွှတ်တော်နှင့် UNDP တွေ့ဆုံဆွေးနွေးခြင်း

(၂-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်နှင့်UNDP တွေ့ဆုံဆွေးနွေးပါသည်။ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီးမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီနှင့် UNDP မှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ်တော်၏ လွှတ်တော်ရေးရာကော်မတီမှ လေ့လာစိစစ်သုံးသပ်ခြင်းဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးပါသည်။ တွေ့ဆုံပွဲကို (၂-၁၁-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၂း၃၀)နာရီအချိန်တွင် ရပ်နား ခဲ့ပါသည်။