3797

မွန်ပြည်နယ်လွှတ်တော်နှင့် UNDP တွေ့ဆုံဆွေးနွေးခြင်း

(၁၀-၉-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး call room တွင် UNDP မှ မွန်ပြည်နယ်လွှတ်တော်နှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၊ လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် UNDP မှ Mr.Philipp Annawit နှင့် ဦးမင်းလဝီတို့တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် မဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ခြင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ စီမံခန့်ခွဲမှုကို ပြန်လည်သုံးသပ်ခြင်း(ဟောင်ကောင်ခရီးစဉ်)၊ ကော်မတီပိုင်းဆိုင်ရာစုံးစမ်းမေးမြန်းခြင်း ( committee inquires)တို့နှင့်စပ်လျဉ်းသည့်နောက်ဆက်တွဲအရာများ၊ အများပြည်သူထိတွေ့ဆက်ဆံခြင်း ( outreach) ဆိုင်ရာအစီအစဉ်များ ဆွေးနွေးကြပါသည်။