မွန်ပြည်နယ်လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၇-၂-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ မန္တလေးတိုင်းလွှတ်တော်နှင့်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြား ခြင်း၊ မန္တလေးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများမှ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ချက်များကို ရှင်း လင်းဆွေးနွေးခြင်းနှင့် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားကိုနေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။





