မွန်ပြည်နယ်လွှတ်တော်နှင့်ဌာနဆိုင်ရာများတွေ့ဆုံညှိနှိုင်းခြင်း
(၂၄.၇.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမတွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအား ဥပဒေကြမ်းရေးဆွဲနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲတို့မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး တို့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပါသည်။


