4941

မွန်ပြည်နယ်လွှတ်တော်ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၅.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ (၁၈.၁၁.၂၀၁၉)ရက်နေ့မှ(၂၀.၁၁.၂၀၁၉)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းအပေါ် အစီရင်ခံစာဆောင်ရွက်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို (၂၅.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။