မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၈.၉.၂၀၁၇)ရက်နေ့၊ နံနက်(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ၊ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ပြည်နယ်မှူးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ပိုင်စက်သုံးဆီဆိုင်များပုဂ္ဂလိကသို့ဌားရမ်းခဲ့ခြင်းနှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ပါ သည်။
ကော်မတီအစည်းအဝေးကို (၂၈.၉.၂၀၁၇)ရက်နေ့၊နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


