662

မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ညှိနှိုင်းအစည်းအဝေး

၂၁-၉-၂၀၁၅ရက်နေ့ နေ့လည် (၁၂း၀၀)အချိန်တွင် ကျင်းပသော ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီးဒေါက်တာခင်မောင်သွင်၊ ပြည်နယ်ဥပဒေချုပ်ရုံးအဖွဲ့မှူး၊ ပြည်နယ်လမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ ဖိတ်ကြားတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လမ်းများ၊ တံတားများဥပဒေပြဋ္ဌာန်းချက်အပေါ် အကောင်အထည်ဖော်မှုအခြေအနေ၊ ဥပဒေပြဋ္ဌာန်းချက် များနှင့်ဆက်စပ်ပြီး ပေါင်းစပ်ဆောင်ရွက်ရန်များရှိ၍ ဥပဒေတွင် ပြင်ဆင်ဖြည့်စွက်သင့်သည်များကိစ္စ၊ လမ်းနယ်နိမိတ် သတ်မှတ်ခြင်း၊ ထိန်းသိမ်းခြင်းကိစ္စ၊ ပဆင လမ်း၊ စည်ပင်သာယာရေးလမ်း၊ ကျေးလက်ဦးစီး၊ နတလလမ်း၊ ကျေးရွာလူထုလမ်းများကို ဥပဒေအရ ချိတ်ဆက်နိုင်ရေးကိစ္စများ ညှိနှိုင်းဆွေးနွေးကြပါသည်။

DSC_0224