5376

မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၆.၆.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအားကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ် အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည် –

အစီအစဉ်(၁)  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၂)  တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ်(၃)  ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊

(က)    ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

(ခ)     အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊

(ဂ)     တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြ ခြင်း၊

(ဃ)    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊

(င)     ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

(စ)     ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှှဆွေးနွေးတင်ပြခြင်း၊

(ဆ) တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊

(ဇ)     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှ
ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၄)  ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၅)  အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်(၆)  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၇)  လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။