မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
အားကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် (၁၇)ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၂း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
အစီအစဉ်(၁) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၂) တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊
အစီအစဉ်(၃) ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊
(က) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ခ) အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(ဂ) တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ဃ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊
(င) ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(စ) ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ် များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊
(ဆ) တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
(ဇ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူးမှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၄) ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊
အစီအစဉ်(၅) အထွေထွေဆွေးနွေးခြင်း၊
၂
အစီအစဉ်(၆) ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊
အစီအစဉ်(၇) လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။


