4163

မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၂.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အစည်းအဝေးအား အောက်ပါအစီအစဉ် တို့ဖြင့် ကျင်းပပြုလုပ်ပါသည်။

အစီအစဉ်(၁)  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၂)  တိုင်ကြားစာအမှုတွဲကိစ္စရပ်များဆွေးနွေးခြင်း၊

အစီအစဉ်(၃)  ရေးရာကော်မတီအသီးသီးမှဆွေးနွေးတင်ပြခြင်း၊

(က)    ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
                   ကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

(ခ)     တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊
          (ဂ)     တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်
                   ရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး
                   ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊

(ဃ)    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့၏
                   အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး
                   တင်ပြခြင်း၊

အစီအစဉ်(၄)  ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြခြင်း၊

အစီအစဉ်(၅)  အထွေထွေဆွေးနွေးခြင်း၊

အစီအစဉ်(၆)  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊

အစီအစဉ်(၇)  လုပ်ငန်းညှိနှိုင်းအစည်းအဝေးရပ်နားခြင်း။ e