1875

မွန်ပြည်နယ်လွှတ်တော်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

(၁၆.၅.၂၀၁၇) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်   ပြည်နယ်လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသို့ တိုင်ကြားလာသည့် တိုင်ကြားစာကိစ္စရပ်များအားဆွေးနွေးခြင်း၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌမှဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေး တင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်လွဲ (၄း၀၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။