1933

မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၆.၅.၂၀၁၇)ရက်နေ့၊နံနက်(၁၁း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော   ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊  ပြည်တွင်းအခွန်များဦးစီးဌာန၊  ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း  ရေးဦးစီးဌာန၊   ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးမှ ကော်မတီအစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့်ရသင့်ရထိုက်သောအခွန်ငွေအပြည့်အဝရရှိရေး၊ ဌာနဆိုင်ရာများ၏လုပ်ငန်းအဆင်ပြေချောမွေ့မြန်ဆန်စေရေး၊ လုပ်ငန်းရှင်များအတွက်ဥပဒေနှင့်အညီရထိုက်သောအခွင့် အရေးအကာအကွယ်ရရှိရေး၊ ပြည်သူလူထုအနေဖြင့်ပွင့်လင်းမြင်သာမှုရရှိရေး၊ ကောင်းမွန်သောစီမံခန့်ခွဲထုတ်လုပ်မှုစနစ် ဖြစ်ထွန်းစေရန်အထောက်အကူဖြစ်စေရေး တို့ကိုပြောကြားခဲ့သည်။ အစည်းအဝေးတွင် မြစ်သဲကျောက်ထုတ်လုပ် ခြင်းကိစ္စ၊ ကျောက်မိုင်းတူးဖော်ခြင်းကိစ္စ၊အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။