1693

မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်လေ့လာသုံးသပ်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

မွန်ပြည်နယ်လွှတ်တော်သဘာဝပတ်ဝန်းကျင်လေ့လာသုံးသပ်ရေးကော်မတီမှ ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေးမြို့နယ်၊ ဆိပ်ကမ်းပါး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် (၂၀.၄.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုုပ်ရေးမှူး၊ ဆည်/မြောင်းဌာန၊ စည်ပင်သာယာရေးဌာန၊ မြေစာရင်းဌာနနှင့် ဒေသခံလုပ်ငန်းရှင်များမှ ပါဝင်တက်ရောက်ခဲ့ကြပြီး နေ့လည် (၁၂း၀၀)အချိန်တွင် ဆွေးနွေးပွဲပြီးမြောက်ခဲ့ပါသည်။

ထို့နောက် မွန်းလွဲ(၀၁း၀၀)နာရီအချိန်တွင် အစင်း(ကွမ်သစ်)ကျေးရွာတစ်ဝိုက်ရှိ မြေတူးနေသည့်လုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ညနေ(၁၅း၀၀)နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။