8374

မွန်ပြည်နယ်လွှတ်တော်သို့ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းက စာရေးဆရာ၊ ဆရာမများ လာ‌ရောက်လေ့လာခြင်း

(၉-၉-၂၀၂၆)ရက်၊(ဗုဒ္ဓဟူးနေ့)၊  နံနက်(၁၁၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်‌တော်ရုံး ‌အစည်းအဝေးကြီးခန်းမတွင်  မော်လမြိုင်မြို့နယ်၊ စာရေးဆရာအသင်းမှ ဦးကျော်လင်းဦး ဦးဆောင်သော အဖွဲ့ဝင်(၁၆)ဦးမှ လာရောက်လေ့လာခဲ့ပါသည်။ လေ့လာ‌ရေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက  တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပုံ Vedio Clip အားရှင်းလင်း ပြသခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူးက တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များ၊ ရေးရာကော်မတီဖွဲ့စည်းမှုများ၊ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန် အစည်းအဝေး နှင့် တတိယအကြိမ်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆိုနှင့် မေးမြန်းခဲ့သော မေးခွန်းများ၊ မွန်ပြည်နယ်လွှတ်တော်တွင် ပြဋ္ဌာန်းထားသောဥပဒေများ၊ ‌ရေးရာကော်မတီ အလိုက်အစည်း အဝေးကျင်းပမှုနှင့် ကွင်းဆင်းဆောင်ရွက်မှုများအား Power Point နှင့်ရှင်းလင်းတင်ပြခဲ့ပါသည်။

 ဆက်လက်၍ လာရောက်လေ့လာသော စာရေးဆရာ၊ ဆရာမများက မွန်ပြည်နယ်လွှတ်တော်နှင့် ပတ်သက်၍သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက်မော်လမြိုင်မြို့နယ်၊ စာရးဆရာအသင်းမှ မွန်ပြည်နယ်လွှတ်တော်ရုံး၊ စာကြည့်တိုက်သို့ သုတ၊ရသစာအုပ်များ ပြန်လည်လှူဒါန်းခဲ့ပါသည်။