1949

မွန်ပြည်နယ်လွှတ်တော်အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

မွန်ပြည်နယ်လွှတ်တော်၊ National Enlightenment Institute (NEI) နှင့် Konrad Adenauer Stiftung (KAS) တို့၏ ပူးပေါင်းကျင်းပသော သုတေသနနှင့်ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉.၅.၂၀၁၇) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲ  ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲအားသက်သေအခြေပြုသုတေသနများ၏အရေးပါမှုနှင့် ပြည်သူ့ရေးရာမူဝါဒများ၏အရေးပါမှုတို့ကိုပိုမိုသိရှိလာစေရန်၊သက်သေအခြေပြု သုတေသနများနှင့်  ပြည်သူ့ရေးရာမူဝါဒများ၏ဆက်စပ်မှုပိုမိုအားကောင်းလာစေရန်နှင့် ကောင်းမွန်သောပြည်သူ့ရေးရာမူဝါဒများထွက်ပေါ်လာနိုင်ရေးအတွက် အားပေးကူညီရန် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိမှအဖွင့် အမှာစကားပြောကြားခြင်း၊ (NEI)  Executive Director ဒေါ်ရည်မွန်ဆုမှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ (EMReF) Program Director Mr. Mael Raynaud မှ သက်သေအခြေပြုသုတေသနဆိုင်ရာအကြောင်းတို့ကို မိတ်ဆက်ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ရုံးမှတာဝန်ရှိသူများနှင့် (NEI) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို (၂၉.၅.၂၀၁၇) ရက်နေ့မှ (၃၀.၅.၂၀၁၇) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါ သည်။