3235

မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၄.၄.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တိုင်ကြားစာတွင်ပါဝင်သည့် ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီသို့ တိုင်ကြားထားသည့်ကိစ္စများကို ဆွေးနွေးကြပါသည်။

ကော်မတီအစည်းအဝေးကို (၂၄.၄.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။