မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် NDI အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးခြင်း
(၃.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ Call room ၌ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် NDI အဖွဲ့အစည်းတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ NDI အဖွဲ့အစည်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ NDI မှ မွန်ပြည်နယ်လွှတ်တော်နှင့်လက်တွဲကာ လွှတ်တော် ဖွံံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၃.၄.၂၀၁၉)ရက်နေ့၊ မွန်းလည်(၁၆း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


