1887

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ Friedrich-Naumann-Foundation (FNF) အဖွဲ့အား လက်ခံတွေ့ဆုံ

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိသည် ဂျာမနီနိုင်ငံအခြေစိုက် (FNF)အဖွဲ့မှ Ms.Katharina Weber-Lortsch၊ ဦးအောင်သူဟိန်း၊ ဒေါ်နှင်းဝင့်နိုင်နှင့် ဦးမောင်မောင်မျိုးတို့အား နံနက် (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံစဉ် Ms.Katharina Weber-Lortsch မှ (FNF) သည် နောက်ခံသမိုင်းအကြောင်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ (FNF) သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ရုံးခွဲများဖွင့်လှစ်လျှက် ရှိခြင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်ကတည်းက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့ခြင်း၊ (FNF) သည် လူ့အခွင့်အရေးဆိုင်ရာကိစ္စ ရပ်များ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ဒီမိုကရေစီစနစ်ရှင်သန်တိုးတက်ရေးနှင့် နိုင်ငံသားများအားပညာပေးရေး လုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ဆက်လက်၍ (FNF) အဖွဲ့နှင့် မွန်ပြည်နယ်လွှတ်တော်တို့အကြားဆက်စပ်မှုရှိသောအခန်းကဏ္ဍများရှိလျှင် ပူးပေါင်းအကူအညီပေးရေးကိစ္စရပ်များအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ   ဆွေးနွေးခဲ့ပါသည်။