မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှCUSO International အဖွဲ့အားလက်ခံတွေ့ဆုံ
(၂၆.၄.၂၀၁၇) ရက်နေ့ မွန်းလွဲ (၀၁း၃၀) နာရီအချိန် လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ လွှတ်တော်ဥက္ကဋ္ဌမှ CUSO International အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် CUSO International အဖွဲ့မှ Ms. Lisa Faye (Country Representative) နှင့် ဦးထူးဆန်းအောင် (Program Manager) တို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းများအား အင်္ဂလိပ်စာသင်ကြားမှု၊ Internet & E-mail အသုံးပြုနည်းဆိုင်ရာပညာရပ်များနှင့် E- Parliament အကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သင်ကြားပေးနိုင်ရန် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ရုံးညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့များတက်ရောက်ကြပြီး မွန်းလွဲ (၀၂း၀၀)နာရီအချိန်တွင်တွေ့ဆုံုဆွေးနွေးမှုပြီးမြောက်ခဲ့ပါသည်။

