1635

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၏ ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၃.၂၀၁၇(ဗုဒ္ဓဟူးနေ့)          (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) (ပထမနေ့) ကျင်းပပြုလုပ်သည်။ အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်း ပေးပို့ထားသည့် ကျိုက်ထိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂) ဒေါက်တာအေးဇံအမည်ကို ပြည်နယ် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူပါသည်။ ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြောက် ခံထားရသူ ဒေါက်တာအေးဇံက ပြည်နယ်လွှတ်တော်၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းမြွက်ကြားခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၂.၃.၂၀၁၇(ကြာသပတေးနေ့)        တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်ဖြစ်ပါသည်။

၃.၃.၂၀၁၇(သောကြာနေ့)   (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၇) (ဒုတိယနေ့) ကျင်းပပါသည်။ အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဌာနအမည်ပြောင်းလဲပြင်ဆင်ခြင်းကိစ္စကို ပြည်နယ် လွှတ်တော်မှ မှတ်တမ်းတင်ခြင်းဆောင်ရွက်ခဲ့ပါသည်။

၄.၃.၂၀၁၇(စနေနေ့)        ရုံးပိတ်ရက်ဖြစ်ပါသည်။

၅.၃.၂၀၁၇(တနင်္ဂနွေနေ့)    ရုံးပိတ်ရက်ဖြစ်ပါသည်။

၆.၃.၂၀၁၇(တနင်္လာနေ့)     (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အထွေထွေ ပြည်သူ့ဆေးရုံ ကြီး အစည်းအဝေးခန်းမတွင် Japan Heart မှ နှုတ်ခမ်းကွဲ၊ အူကျ ကလေးများအား ခွဲစိတ်ကုသခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါ သည်။

၇.၃.၂၀၁၇(အင်္ဂါနေ့)        ရုံးတက်ရောက်ပါသည်။

၈.၃.၂၀၁၇(ဗုဒ္ဓဟူးနေ့)          မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။

၉.၃.၂၀၁၇(ကြာသပတေးနေ့)        ရုံးတက်ရောက်ပါသည်။ (၁၃း၀၀)နာရီအချိန် ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးနှင့် ရ/သုံး ညွှန်ကြားရေးမှူးတို့ တွေ့ဆုံပြီး မွန်ပြည်နယ်ဘတ်ဂျက် ကိစ္စအတွက် အစည်းအဝေးပြုလုပ်ပါသည်။

၁၀.၃.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။

၁၁.၃.၂၀၁၇(စနေနေ့)       ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၂.၃.၂၀၁၇(တနင်္ဂနွေနေ့)  တပေါင်းလပြည့်နေ့ဖြစ်ပါသည်။ (ဝရး၀၀)နာရီအချိန် မော်လမြိုင်မြို့၊ ကျိုက်သုတ် စေတီတော်စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်အသစ်တင်လှူခြင်းနှင့် လုံးတော်ပြည်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်း ပါသည်။ အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပါသည်။

၁၃.၃.၂၀၁၇(တနင်္လာနေ့)   ရုံးတက်ရောက်ပါသည်။

၁၄.၃.၂၀၁၇(အင်္ဂါနေ့)       ရုံးတက်ရောက်ပါသည်။ (၁၄း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်ဒေသန္တရစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီးနှင့် ပြည်နယ်စီမံကိန်းမှူးတို့ တွေ့ဆုံပြီး မြို့နယ်အလိုက် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးကြပါသည်။

၁၅.၃.၂၀၁၇(ဗုဒ္ဓဟူးနေ့)     ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။

၁၆.၃.၂၀၁၇(ကြာသပတေးနေ့)      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။

၁၇.၃.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး ဆက်လက်ကျင်းပရန် လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်း ဆောင်ရွက်ပါသည်။

၁၈.၃.၂၀၁၇(စနေနေ့)       ရုံးတက်ရောက်ပါသည်။

၁၉.၃.၂၀၁၇(တနင်္ဂနွေနေ့ရုံးတက်ရောက်ပါသည်။ (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား ကျင်းပ ပြုလုပ်ရာ (၀၅း၃၀)နာရီအချိန် မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း ပါသည်။ (၀၈း၀၀)နာရီအချိန် မွန်ပြည်နယ်ခန်းမတွင် ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့် ပါသည်။ (၁၁း၀၀)နာရီအချိန် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်၌ မွန်ပြည်နယ်နေ့အထိမ်းအမှတ်ဌာနဆိုင်ရာ ပြခန်းများ ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

၂၀.၃.၂၀၁၇(တနင်္လာနေ့)   ရုံးတက်ရောက်ပါသည်။

၂၁.၃.၂၀၁၇(အင်္ဂါနေ့)       (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (တတိယနေ့)သို့ တက်ရောက်ပါသည်။ (၁၈း၀၀)နာရီအချိန် တွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ၌ ကျင်းပပြု လုပ်သော ဟင်္သာဂျာနယ်နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပါ သည်။

၂၂.၃.၂၀၁၇(ဗုဒ္ဓဟူးနေ့)     ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အစည်းအဝေးကို ဆက်လက်ကျင်းပ ပြုလုပ်ပါသည်။

၂၃.၃.၂၀၁၇(ကြာသပတေးနေ့)      ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အစည်းအဝေးကို ဆက်လက်ကျင်းပ ပြုလုပ်ပါသည်။

၂၄.၃.၂၀၁၇(သောကြာနေ့) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အစည်းအဝေးကို ဆက်လက်ကျင်းပ ပြုလုပ်ပါသည်။

၂၅.၃.၂၀၁၇(စနေနေ့)       (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပ ပြုလုပ်သော မွန်ပြည်နယ်ကလေးစာပေပြပွဲနှင့် စာအုပ်ရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

၂၆.၃.၂၀၁၇(တနင်္ဂနွေနေ့ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၇.၃.၂၀၁၇(တနင်္လာနေ့)   တပ်မတော်နေ့ ရုံးပိတ်ရက်ဖြစ်ပါသည်။ (၁၉း၀၀) နာရီအချိန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ရွှေနတ်တောင်ဂေါက်ကလပ်၌ ကျင်းပ ပြုလုပ်သော (၇၂)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။

၂၈.၃.၂၀၁၇(အင်္ဂါနေ့)       (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများအခွင့်အရေးဥပဒေရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။

၂၉.၃.၂၀၁၇(ဗုဒ္ဓဟူးနေ့)     (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သော မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။ ၎င်းနောက် ရုံးသို့ဆက်လက်တက်ရောက်ပါသည်။

၃၀.၃.၂၀၁၇(ကြာသပတေးနေ့)      ရုံးတက်ရောက်ပါသည်။

၃၁.၃.၂၀၁၇(သောကြာနေ့) ရုံးတက်ရောက်ပါသည်။