1534

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၁.၂၀၁၇(တနင်္ဂနွေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

၂.၁.၂၀၁၇(တနင်္လာနေ့)                   (၀၈း၃၀)နာရီအချိန် မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၇ ခုနှစ်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ (၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ရေးမြို့နယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး    လုပ်ငန်းအခြေအနေကို Myanmar Lighting Manufacting Co,LTD ဦးစိန်ဝမ်းမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

၃.၁.၂၀၁၇(အင်္ဂါနေ့)                      ရုံးတက်ရောက်ပါသည်။

၄.၁.၂၀၁၇(ဗုဒ္ဓဟူးနေ့)                    (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ (၀၄း၂၀) နာရီအချိန် မော်လမြိုင်မြို့ မောရဝတီပန်းခြံ၌ကျင်းပပြုလုပ်သော အလံတင်အခမ်း အနားသို့တက်ရောက်သည်။ (ဝရး၀၀)နာရီအချိန်တွင် မောရဝတီပန်းခြံ၌ လွတ်လပ်ရေးနေ့ အလံတော်အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားသို့ တက်ရောက်ပါသည်။ (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်သော ပြည်နယ်ဂုဏ်ဆောင် ဆုချီးမြှင့်သည့်အခမ်းအနားသို့ တက်ရောက်ပြီး ဆုချီးမြှင့်ပေးပါသည်။

၅.၁.၂၀၁၇(ကြာသပတေးနေ့)             (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်သော မွန်ပြည်နယ်ပညာရေးစုံညီပွဲတော်နှင့်ဆုချီး မြှင့်သည့်အခမ်းအနားသို့တက်ရောက်ပြီး ဆုများချီးမြှင့်ပေးပါသည်။

၆.၁.၂၀၁၇(သောကြာနေ့)                 (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများလာရောက်ပြီး(VIP) ဧည့်ရိပ်သာဆောက်လုပ်သည့်အခြေအနေများကိုပြည်နယ်လွှတ်တော်သို့ ရှင်းလင်းဆွေးနွေးပါသည်။(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်ဥပဒေရေးရာ ကော်မတီသည် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေများ ပြင်ဆင်ဖြည့် စွက်ရေးအတွက်ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။

၇.၁.၂၀၁၇(စနေနေ့)                      (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်/မွန်ပြည်နယ်) ၁၄-ကြိမ်မြောက် ဆရာဝန်ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

၈.၁.၂၀၁၇(တနင်္ဂနွေနေ့)                  ရုံးပိတ်ရက်ဖြစ်ပါသည်။

၉.၁.၂၀၁၇(တနင်္လာနေ့)                   ရုံးတက်ရောက်ပါသည်။

၁၀.၁.၂၀၁၇(အင်္ဂါနေ့)                     ရုံးတက်ရောက်ပါသည်။

၁၁.၁.၂၀၁၇(ဗုဒ္ဓဟူးနေ့)                   (၀၈း၃၀)နာရီအချိန် မော်လမြိုင်တက္ကသိုလ်၌ကျင်းပပြုလုပ်သော Water Quality Laboratory ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။ ၎င်းမှ   တဆင့် ကတိုးမဟာရင်ဆရာတော်ပျံလွန်တော်မူသဖြင့် သွားရောက် ဖူးမျှော်ကန်တော့ပါသည်။(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးနှင့် (၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။

၁၂.၁.၂၀၁၇(ကြာသပတေးနေ့)           ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ် လွှတ်တော်ရုံးဝင်းအတွင်း ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ဒုတိယဥက္ကဌနှင့်ရုံးအဖွဲ့တို့အတူသွားရောက်ပြီး လုပ်ငန်းအခြေအနေများ ကိုကြည့်ရှုစစ်ဆေးပါသည်။

၁၃.၁.၂၀၁၇(သောကြာနေ့)               (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်နှင့်ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) တို့ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း ၂၀၁၆ခုနှစ် တွင်လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ပြန်လည်သုံးသပ် ခြင်းလုပ်ငန်းအစည်းအဝေးသို့တက်ရောက်ပါသည်။

၁၄.၁.၂၀၁၇(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၅.၁.၂၀၁၇(တနင်္ဂနွေနေ့)                (ဝရး၀၀)နာရီအချိန် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU) အစည်း အဝေးတက်ရောက်ရန်နေပြည်တော်သို့သွားရောက်ပါသည်။

၁၆.၁.၂၀၁၇(တနင်္လာနေ့)                 နေပြည်တော် ပြည်ထောင်စုလွှတ်တော်ရုံးတွင် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့(MPU) အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်ပါသည်။

၁၇.၁.၂၀၁၇(အင်္ဂါနေ့)                     နေပြည်တော်ပြည်ထောင်စုလွှတ်တော်ရုံးတွင် မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး တက်ရောက်ပြီး ညနေပိုင်းတွင် မော်လမြိုင်သို့ပြန်လာရာ(၂၂း၃၀)နာရီအချိန်တွင် ရောက်ရှိပါသည်။

၁၈.၁.၂၀၁၇(ဗုဒ္ဓဟူးနေ့)                   ကျန်းမာရေးမကောင်းသဖြင့်ရုံးသို့မတက်ရောက်ပါ။

၁၉.၁.၂၀၁၇(ကြာသပတေးနေ့)           ရုံးတက်ရောက်ပါသည်။(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်ထောင်စုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံနှင့်ဥရောပသမဂ္ဂတို့ (FLEGT VPA) လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကိုလာရောက်ရှင်းလင်းတင်ပြပါသည်။

၂၀.၁.၂၀၁၇(သောကြာနေ့)               (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး ဝန်ကြီးဌာနမှ မြန်မာ နိုင်ငံနှင့်ဥရောပသမဂ္ဂတို့ (FLEGT VPA) လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်အဖွဲ့နှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များနှင့် တွေ့ဆုံပြီး လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

၂၁.၁.၂၀၁၇(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။ (၁၁း၀၀)နာရီအချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မွန်ပြည်နယ်ရုံးတွင် ပြည်နယ်/ ခရိုင်/ မြို့နယ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပါသည်။

၂၂.၁.၂၀၁၇(တနင်္ဂနွေနေ့)                ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၃.၁.၂၀၁၇(တနင်္လာနေ့)                 ရုံးတက်ရောက်ပါသည်။

၂၄.၁.၂၀၁၇(အင်္ဂါနေ့)                     (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံုးတွင်(CUSO) သုတေသန အဖွဲ့မှ(1) Alison Chan Gender (Advisor CUSO International) (2) Robin Metcalfe (Organizational Development Needs Advisor) (3) Nan San Lae Wai (Project Assistant) တို့လာရောက်တွေ့ဆုံပြီး လုပ်ငန်းများတင်ပြဆွေးနွေးပါသည်။

၂၅.၁.၂၀၁၇(ဗုဒ္ဓဟူးနေ့)                   (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ငြိမ်းဖောင်ဒေးရှင်မှ ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲသို့တက်ရောက်ပါသည်။ အဆိုပါဆွေးနွေးပွဲကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ အရပ် ဘက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ကြသည်။

၂၆.၁.၂၀၁၇(ကြာသပတေးနေ့)           ရိုးရာကန်တော့ရန်သံဖြူဇရပ်သို့သွားရောက်ပါသည်။

၂၇.၁.၂၀၁၇(သောကြာနေ့)               ရိုးရာကန်တော့ရန်သံဖြူဇရပ်သို့သွားရောက်ပါသည်။

၂၈.၁.၂၀၁၇(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၉.၁.၂၀၁၇(တနင်္ဂနွေနေ့)                ရုံးပိတ်ရက်ဖြစ်ပါသည်။

၃၀.၁.၂၀၁၇(တနင်္လာနေ့)                 (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးသို့ မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီမှ လာရောက်ပြီး မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ရွှေဟင်္သာအကဖြင့် ကပြဖျော်ဖြေပါသည်။ မွန်ပြည်နယ်လွှတ်တော်မှ ကျင်းပရေးကော်မတီသို့ အလှူငွေများပေးအပ် ပါသည်။ (၁၁း၃၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။

၃၁.၁.၂၀၁၇(အင်္ဂါနေ့)        (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပါသည်။