5775

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃.၁၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန၊်  မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင်  ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင် (၈)ဦးနှင့် သက်ဆိုင်ရာဦးစီးဌာနမှ အရာရှိ(၃)ဦးတို့ တက် ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ မွန်ပြည်နယ်အသေးစားငွေချေးလုပ်ငန် းဥပဒေရေးဆွဲ နိုင်ရန်နှင့် မွန်ပြည်နယ် ပုဂ္ဂလိကယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေပြဋ္ဌာန်းနိုင်‌ရေးတို့ကိုညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၃.၁၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။