မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၉.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန၊် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်နယ်မှူး၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနနှင့် ဒုတိယညွှန်ကြားရေးမှူး ၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့်ကုန်းလမ်းပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာနတို့မှ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲ ရေးဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၁၉.၃.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၂း၁၅ )နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



