မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန၊် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော် စာကြည့်တိုက်ဥပဒေမူကြမ်း-(၃)နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၃.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


