မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၉.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ (ပြည်နယ်ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန) တို့မှ ဦးစီးမှူးများ၊ ဦးလှဖေစာကြည့်တိုက်ဖောင်ဒေးရှင်းတွင် ပါဝင်သူများ၊ မော်လမြိုင်စာကြည့်တိုက်လုပ်ငန်းတည်ထောင်သူများအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်စာကြည့်တိုက်နှင့်ပြတိုက်များဥပဒေ(မူကြမ်း-၁) ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၉.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


