4953

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၈.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ရေးရာခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ၊ မွန်ပြည်နယ်စာကြည့်တိုက်နှင့်ပြတိုက်များဥပဒေမူကြမ်း(၁) နှင့် မွန်ပြည်နယ်ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲ ရေးဥပဒေပြင်ဆင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

အစည်းအဝေးကို (၂၈.၁၁.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၁း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။