မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃-၁-၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၃-၁-၂၀၁၉)ရက်နေ့၊ မွန်းတည့် (၁၅း၀၀)အချိန်တွင် ရပ်နားပါသည်။



