မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၅-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီ အစည်း အဝေးခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ သထုံခရိုင်နှင့် မြို့နယ်(၄) မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများ၊ (၄)မြို့နယ်ရှိ ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်အတွင်းပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေအား ဆွေးနွေးကြပါ သည်။
အစည်းအဝေးကို (၅-၁၂-၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂း၀၀)အချိန်တွင် ရပ်နားပါသည်။



