မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၈-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီ အစည်း အဝေးခန်းတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုမှပြဋ္ဌာန်းသည့်ဥပဒေနှင့် မွန်ပြည်နယ်မှပြဋ္ဌာန်းသည့်ဥပဒေ ကိုက်ညီခြင်းရှိ /မရှိ ဆန်းစစ်ပါသည်။
အစည်းအဝေးကို (၈-၁၁-၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂း၁၅)အချိန်တွင် ရပ်နားပါသည်။




