မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၉-၁၀-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုမှပြဋ္ဌာန်းသည့်ဥပဒေနှင့် မွန်ပြည်နယ်မှပြဋ္ဌာန်းသည့်ဥပဒေ ကိုက်ညီခြင်းရှိ/မရှိ ဆန်းစစ်ပါသည်။
အစည်းအဝေးကို (၂၉-၁၀-၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂း၃၀)အချိန်တွင် ရပ်နားပါသည်။


