မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၄.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနှင့်ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပေါင်စခန်းမှူး၊ ရင်ငြိမ်ကင်းစခန်းမှ တာဝန်ရှိသူ၊ ပြည်နယ်ဥပဒေရုံးမှ လက်ထောက်ဥပဒေအရာရှိနှင့် ပေါင်ဥပဒေအရာရှိတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတွင် ငွေချေးငှားကိစ္စနှင့် ပတ်သက်၍ ထန်းပင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှစာရေးအပါအဝင် လူဦးရေ(၅)ဦး တို့အား ပေါင်မြို့နယ်ရဲစခန်းမှ ဖမ်းဝရမ်းထုတ်ချုပ်နှောင်ခြင်းခံရသည့် ကိစ္စရပ်အား ဆွေးနွေးခဲ့ကြပါသည်။



