မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၆.၂.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မူကြမ်း-၄) ကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၆.၂.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



