မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၉.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက်ရောက် ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံခြင်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၂၉.၈.၂၀၁၇)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


