မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂၁.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း ရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၂၁.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


