2278

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

  (၁၀.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၁၀.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။