2257

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

  (၄.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီနှင့်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီတို့ပူးပေါင်း၍အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရသုံးမှန်းခြေရေးဆွဲရေးဦးစီးဌာနမှညွှန်ကြားရေးမှူးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ၊ အခန်း(၁၄)၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၊ အခန်း(၁၅)၊  ဒေသန္တရစီမံကိန်းဥပဒေကြမ်း၊ အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၄.၈.၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။