2060

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၃.၆.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို             ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များသည်  မွန်ပြည်နယ်စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက် ဥပဒေကြမ်းအားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၂၃.၆.၂၀၁၇)ရက်နေ့၊ နံနက် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။