1532

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၁၂.၂၀၁၆(ကြာသပတေးနေ့)             (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လာရောက်ခြင်းမရှိသဖြင့်တွေ့ဆုံဆွေး နွေးပွဲမဖြစ်ပါ။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။ မွန်ပြည်နယ်လွှတ်တော်၏ ပြည်နယ်အစိုးရအဖွဲ့အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ် ရေးကော်မတီအစည်းအဝေးပြုလုပ်ပါသည်။ (၁၃း၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပ ရေးဦးစီးကော်မတီအစည်းအဝေးပြုလုပ်သည်။ (၁၅း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရသုံးမှန်းခြေဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံပြီး မွန်ပြည်နယ်ဘတ်ဂျက်ကိစ္စရပ်များ ညှိနှိုင်း အစည်းအဝေးပြုလုပ်ပါသည်။

၂.၁၂.၂၀၁၆(သောကြာနေ့)               (ဝရး၀၀)နာရီအချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(ရန်ကုန်)သို့အစည်း အဝေးတက်ရောက်ရန် ရန်ကုန်မြို့သို့သွားရောက်ပါသည်။

၃.၁၂.၂၀၁၆(စနေနေ့)                     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(ရန်ကုန်)တွင် အစည်းအဝေးတက် ရောက်ပြီး ညနေပိုင်းတွင် မော်လမြိုင်သို့ပြန်လည်ရောက်ရှိပါသည်။

၄.၁၂.၂၀၁၆(တနင်္ဂနွေနေ့)                ရုံးပိတ်ရက်ဖြစ်ပါသည်။

၅.၁၂.၂၀၁၆(တနင်္လာနေ့)                 (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၆ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအခမ်း အနားသို့တက်ရောက်ပါသည်။ ဆက်လက်၍ ရုံးတက်ရောက်ပါသည်။

၆.၁၂.၂၀၁၆(အင်္ဂါနေ့)                     ရုံးတက်ရောက်ပါသည်။

၇.၁၂.၂၀၁၆(ဗုဒ္ဓဟူးနေ့)                   ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြုလုပ်ပါသည်။

၈.၁၂.၂၀၁၆(ကြာပသပတေးနေ့)          ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်ပါသည်။

၉.၁၂.၂၀၁၆(သောကြာနေ့)               ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြုလုပ်ပါသည်။

၁၀.၁၂.၂၀၁၆(စနေနေ့)                       ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၁.၁၂.၂၀၁၆(တနင်္ဂနွေနေ့)              (၀၈း၀၀)နာရီအချိန် ကမာဝက်ကျေးရွာလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

၁၂.၁၂.၂၀၁၆(တနင်္လာနေ့)               ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပပြုလုပ်ပါသည်။

၁၃.၁၂.၂၀၁၆(အင်္ဂါနေ့)                   ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပပြုလုပ်ပါသည်။

၁၄.၁၂.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပပြုလုပ်ပါသည်။

၁၅.၁၂.၂၀၁၆(ကြာသပတေးနေ့)          (၀၈း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ UNDP မှကျင်းပပြုလုပ်သော လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဓလေ့ထုံစံ များသင်ခန်းစာမိတ်ဆက်တင်ပြခြင်းသဘောတရားရေးရာရှင်းလင်းတင်ပြ ချက်အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)သို့တက်ရောက်သည်။

၁၆.၁၂.၂၀၁၆(သောကြာနေ့)`            UNDP အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) သို့တက်ရောက်ပါသည်။

၁၇.၁၂.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၈.၁၂.၂၀၁၆(တနင်္ဂနွေနေ့)              ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၉.၁၂.၂၀၁၆(တနင်္လာနေ့)               (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း များအရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အသိပေးဆွေးနွေးပွဲ (Ministerial Meeting) သို့တက်ရောက်သည်။ ဆက်လက်၍ မွန်ပြည် နယ်လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သော မြေယာမဏ္ဍိုင်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (Land Core Group) အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)သို့ တက်ရောက်ပါသည်။

၂၀.၁၂.၂၀၁၆(အင်္ဂါနေ့)                   Land Core Group အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့)သို့တက်ရောက်ပါ သည်။

၂၁.၁၂.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 (ဝရး၀၀)နာရီအချိန် Land Core Group အလုပ်ရုံဆွေးနွေးပွဲအဖွဲ့ဝင်များ နှင့်အတူ ကျိုက်မရောမြို့နယ်၊ ရေပူကော့စပ်ကျေးရွာအုပ်စုနှင့်ဖားဘောင် ထုံးကျောက်လိုဏ်ဂူသို့ သုတေသနလေ့လာရေးသွားရောက်ကြသည်။

၂၂.၁၂.၂၀၁၆(ကြာသပတေးနေ့)          ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် Land Core Group အဖွဲ့ဝင်နှင့်အလုပ်ရုံဆွေးနွေးပွဲ ဆက်လုပ်ပါသည်။

၂၃.၁၂.၂၀၁၆(သောကြာနေ့)              ရုံးတက်ရောက်ပါသည်။

၂၄.၁၂.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၅.၁၂.၂၀၁၆(တနင်္ဂနွေနေ့)              ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၆.၁၂.၂၀၁၆(တနင်္လာနေ့)               (၁၀း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘတ်ဂျက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။

၂၇.၁၂.၂၀၁၆(အင်္ဂါနေ့)                   (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး(သတ္တမနေ့)ကျင်းပသည်။စတုတ္ထပုံမှန်အစည်းအဝေးပြီးစီးပါသည်။

၂၈.၁၂.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 (၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်သုခမြို့ရွာဖောင်ဒေးရှင်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေး ပါသည်။

၂၉.၁၂.၂၀၁၆(ကြာသပတေးနေ့)          ကရင်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ဖြစ်ပါသည်။

၃၀.၁၂.၂၀၁၆(သောကြာနေ့)              (၀၉း၀၀)နာရီအချိန် ရာမညဟိုတယ်၌ ကျင်းပပြုလုပ်သော အရပ်ဘက် ဖိုရမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။ (၁၃း၀၀)နာရီ အချိန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပါသည်။

၃၁.၁၂.၂၀၁၆(စနေနေ့)       သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမတွင် မွန်ပြည်နယ်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့်မြို့နယ်မှ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်း များကို ရှင်းလင်းဆွေးနွေးပါသည်။