1328

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၃၀)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၆.၂၀၁၆(ဗုဒ္ဓဟူးနေ့)                  ရုံးတက်ရောက်သည်။ မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၆)ကျင်းပရေးအတွက် အစည်းအဝေးအစီအစဉ်များကိုလွှတ်တော်ရုံး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

 

၂.၆.၂၀၁၆(ကြာသပတေးနေ့)         (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်း အဝေး(၁/၂၀၁၆) ပထမနေ့ကျင်းပသည်။ အဆိုပါ အစည်းအဝေးတွင် မေးခွန်း(၉)ခု၊ အဆို(၅)ခု၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးအား အစားထိုးလဲလှယ်ရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

၃.၆.၂၀၁၆(သောကြာနေ့)              (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အထူးအစည်း အဝေး(၁/၂၀၁၆) ဒုတိယနေ့အား ဆက်လက်ကျင်းပပါသည်။ အဆိုပါ အစည်းအဝေးတွင် မေးခွန်း(၈)ခု၊ အဆိုများကို ဆွေးနွေးခြင်းနှင့် အဆုံး အဖြတ်ရယူခြင်းများကို ဆောင်ရွက်ပါသည်။ မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)အား အောင်မြင်စွာပြီးမြောက်ပါသည်။ မွန်းလွဲ (၁၅း၀၀)နာရီအချိန်တွင် အစိုးရအဖွဲ့ရုံးသို့ အစည်းအဝေး တက်ရောက်ပါသည်။      

 

၄.၆.၂၀၁၆(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၅.၆.၂၀၁၆(တနင်္ဂနွေနေ့)               (၁၀း၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ် သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပါသည်။         

 

၆.၆.၂၀၁၆(တနင်္လာနေ့)                ရုံးတက်ရောက်ပါသည်။ (၁၄း၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့ မြေနီကုန်းရပ်ပရိယတ္တိဓမ္မဗိမာန်၌ ကျင်းပပြုလုပ်သော ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

 

၇.၆.၂၀၁၆(အင်္ဂါနေ့)                     ရုံးတက်ရောက်ပါသည်။ အမျိုးသားဒီမိုကရေစီရုံးချုပ်သို့ မွန်ပြည်နယ်မှ ပြည်နယ်လွှတ်ကိုယ်စားလှယ်(၁၉)ဦးမှ ရုံးချုပ်သို့ရန်ပုံငွေထည့်ဝင်ပေးပို့ ပြီးစီးကြောင်း အစီရင်ခံစာတင်ပြပါသည်။       

 

၈.၆.၂၀၁၆(ဗုဒ္ဓဟူးနေ့)                  မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ သွားရောက်ပါသည်။

၉.၆.၂၀၁၆(ကြာသပတေးနေ့)         (၁၃း၀၀)နာရီအချိန်တွင် နေပြည်တော်လွှတ်တော်ဝင်း၊ဇမ္ဗူသီရီဆောင်၊ နေပြည်တော်လွှတ်တော်ဝင်း၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့(MPU)အစည်းအဝေး(၃/၂၀၁၆)သို့ တက်ရောက် ပါသည်။

 

၁၀.၆.၂၀၁၆(သောကြာနေ့)            မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(MPU)အစည်းအဝေး (၃/၂၀၁၆)သို့ တက်ရောက်ပြီး၍ ညတွင်မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိပါသည်။

 

၁၁.၆.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၁၂.၆.၂၀၁၆(တနင်္ဂနွေနေ့)             ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၁၃.၆.၂၀၁၆(တနင်္လာနေ့)              ရုံးတက်ရောက်ပါသည်။

 

၁၄.၆.၂၀၁၆(အင်္ဂါနေ့)                   ရုံးတက်ရောက်သည်။(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်အရပ် ဖက်ကိုယ်စားလှယ်(၈)ဦးနှင့်တွေ့ဆုံဆွေးနွေးပါသည်။ ၎င်းနောက် သံဖြူဇရပ်မြို့နယ် ဖွံ့ဖြိုးရေးကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရန်အတွက် သံဖြူဇရပ်မြို့နယ်သို့ သွားရောက်ပါသည်။     

 

၁၅.၆.၂၀၁၆(ဗုဒ္ဓဟူးနေ့)                ရုံးတက်ရောက်သည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်ဥပဒေ ရေးရာကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးရာ ကော်မတီအစည်းအဝေးပြုလုပ်သည်။

 

၁၆.၆.၂၀၁၆(ကြာသပတေးနေ့)       ရုံးတက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။

 

၁၇.၆.၂၀၁၆(သောကြာနေ့)            ရုံးတက်ရောက်ပါသည်။ (၁၄း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်နှင့်တွေ့ဆုံသည့် အခမ်းအနားသို့တက်ရောက်သည်။ အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

 

၁၈.၆.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၁၉.၆.၂၀၁၆(တနင်္ဂနွေနေ့)             (၀၉း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ တောင်ဝိုင်း ဦးခင်မောင်လမ်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်မွေးနေ့ လက်ဆောင်   သစ်ပင်စိုက်ပွဲသို့    တက်ရောက်၍      သစ်ပင်စိုက်ပျိုးပြီး

ပါတီဝင်များသစ်ပင် စိုက်ပျိုးနေသည်ကို သွားရောက်အားပေးပါသည်။ ၎င်းနောက် မွန်ပြည်နယ်အမျိုးသားဒီမိုကရေစီရုံးချုပ်အစည်းအဝေးသို့ တက်ရောက်ပါ သည်။

 

၂၀.၆.၂၀၁၆(တနင်္လာနေ့)မှ            (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပ

 

၂၂.၆.၂၀၁၆(ဗုဒ္ဓဟူးနေ့)အထိ          ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဆွေးနွေးပွဲသို့တက်ရောက်ပါသည်။ အဆိုပါဆွေးနွေးပွဲ သို့ကော်မရှင်အဖွဲ့ဝင် ဦးကျင်ဖေ၊ ဦးအောင်မြင်နှင့် ဒေါက်တာစိုးမိုးအောင် တို့မှရှင်းလင်းဆွေးနွေးပါသည်။အဆိုပါဆွေးနွေးပွဲတွင် ဘတ်ဂျက်ရေးဆွဲ ခြင်းနှင့်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၅)ဆွေးနွေးခြင်း၊ ပြည်နယ် လွှတ်တော်ဥပဒေပြုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်ဆောင်ရွက်ခြင်းကိစ္စ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် လွှတ်တော်အဖွဲ့အစည်း များအကြောင်းကောက်နှုတ်ချက်များရှင်းလင်းတင်ပြခြင်းနှင့်တက်ရောက် ကြသူများမှ မေးမြန်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

၂၃.၆.၂၀၁၆(ကြာသပတေးနေ့)       (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌသည် အစည်းအဝေး ခန်း၌ အမျိုးသမီးများနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့မှ (Women’s Political Action-WPA)မှဒေါ်ဆူဇန်နာလှလှစိုးနှင့်ဒေါ်ခင်မာဦးတို့အဖွဲ့ လာရောက် တွေ့ဆုံဆွေးနွေးပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊  ဒေါ်ခိုင်ခိုင်လဲ့၊ ဒေါ်ခင်မျိုးမြင့်၊ ဒေါ်မြသိင်္င်္ဂီမော်နှင့်လွှတ်တော်ရုံးအဖွဲ့မှ ဒေါ်ခင်မြင့်ချို၊ ဒေါ်ညွန့်သူဇာမြင့်တို့ တက်ရောက်ကြသည်။

 

၂၄.၆.၂၀၁၆(သောကြာနေ့)            (၀၉း၃၀)နာရီအချိန် လမိုင်းInternational ကုမ္ပဏီမှ ဦးလှသန်း၊ (President) Mr. Mark Argan (Business Development) ၊ဦးမျိုးသန်း (GM)၊ ဦးထွန်းထွန်း(Coordinator)တို့ လာရောက်တွေ့ဆုံဆွေးနွေးပါ သည်။(၁၀း၃၀)နာရီအချိန်တွင် Laser World ကုမ္ပဏီ တာဝန်ခံ ဦးကျော်ဇင်ဝင်းမှ လာရောက်ပြီး ၎င်းကုမ္ပဏီ၏ E-Government Project လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

၂၅.၆.၂၀၁၆(စနေနေ့)         (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ ကမ်းနားလမ်း Strand Hotel ၌ ကျင်းပပြုလုပ်သော   မွန်ပြည်နယ်မော်တော်ယာဉ်များ   ထိန်းသိမ်းစောင့်

ရှောက်ရေးကော်မတီ(၃)နှစ်ပြည့် နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ပညာရည် ချွန်ဆုချီးမြှင့်ပွဲသို့တက်ရောက်သည်။(၁၅း၀၀)နာရီအချိန် အားကစားသိပ္ပံ ကျောင်းဝင်း၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပွဲသို့ တက်ရောက်ပါသည်။

 

၂၆.၆.၂၀၁၆(တနင်္ဂနွေနေ့)             (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပါသည်။ ဆက်လက်၍ ညောင်ပင်ဆိပ်ရပ်ကွက် ထပ်ကေးကျေးရွာခန်းမဆောင် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

 

၂၇.၆.၂၀၁၆(တနင်္လာနေ့) မှ           ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄)ရက် ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် မေးခွန်းများ၊ အဆိုများ၊ ရေးရာကော်မတီအသစ်များဖွဲ့စည်းခြင်းများ၊ ရေးရာကော်မတီ

 

၃၀.၆.၂၀၁၆(ကြာသပတေးနေ့)အထိ များမှအစီရင်ခံစာများ တင်ပြခြင်းများဆောင်ရွက်ပါသည်။