1326

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ မေလ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၅.၂၀၁၆(တနင်္ဂနွေနေ့)                     ကမ္ဘာအလုပ်သမားနေ့၊ ရုံးပိတ်ရက်ဖြစ်ပါသည်။                                          

 

၂.၅.၂၀၁၆(တနင်္လာနေ့)                          သံဖြူဇရပ်မြို့နယ်သို့သွားရောက်သည်။                                                     

 

၃.၅.၂၀၁၆(အင်္ဂါနေ့)                 ရုံးတက်ရောက်သည်။ (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့အစည်းအဝေးတက်ရောက်သည်။ (၀၉း၀၀)နာရီ အချိန် ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော သဘာဝအရင်း အမြစ်စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၊ ဒေါ်ခင်မျိုးမြင့်နှင့် ဒေါ်ခိုင်ခိုင်လဲ့တို့တက်ရောက်ကြသည်။ (၁၃း၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ပြည်နယ်အတွင်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပွဲ သို့တက်ရောက်သည်။

 

၄.၅.၂၀၁၆(ဗုဒ္ဓဟူးနေ့)                             ရုံးတက်ရောက်သည်။                                                                      

 

..၂၀၁၆(ကြာသပတေးနေ့)              (၀၉း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် ကျင်းပပြုလုပ် သောမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှစ်(၇၀)ပြည့်နေ့ အထိမ်းအမှတ်အခမ်း အနားသို့ တက်ရောက်သည်။ ရုံးသို့ဆက်လက်တက်ရောက်သည်။ ပြည်နယ်လွှတ်တော်ရုံးတွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးပြုလုပ်သည်။

 

..၂၀၁၆(သောကြာနေ့)                    ရုံးတက်ရောက်သည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော်ဥပဒေရေးရာကော်မတီ၊ တိုင်းကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့်ထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးပြုလုပ်သည်။ ကျိုက်မရောမြိုှ့နယ်  MCL ဘိလပ်မြေ စက်ရုံကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများ ဆွေးနွေးကြပါသည်။

 

၇.၅.၂၀၁၆(စနေနေ့)မှ                (၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်   The Asia Foundation နှင့်Renaisance Institue တို့မှပူးပေါင်းစီစဉ် သောပြည်နယ်/တိုင်းဒေသကြီးအဆင့်အုပ်ချုပ်ရေးကဏ္ဍနှင့် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲသို့တက်ရောက်သည်။ (ပထမနေ့)

၈.၅.၂၀၁၆(တနင်္ဂနွေ)                အဆိုပါဆွေးနွေးပွဲ (ဒုတိယနေ့)တက်ရောက်သည်။         

 

၉.၅.၂၀၁၆(တနင်္လာနေ့)                          ရုံးတက်ရောက်သည်။                                                                

 

၁၀.၅.၂၀၁၆(အင်္ဂါနေ့)                   (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် ပြုလုပ်သောစနောင်းတိုင်းသတင်းဂျာနယ်နှင့် မွန်သတင်းအေဂျင်စီတို့ USAID နှင့်လက်တွဲကာ၊ မီဒီယာကဏ္ဍ၌ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးစီမံကိန်း (Promoting Rule of Law Projeet ) လုပ်ငန်းကို မွန်ပြည်နယ်(၈)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အစီရင်ခံစာ(၂)အုပ်ထုတ်ဝေခဲ့ပြီး ယင်းအစီရင်ခံစာပါ အကြောင်းအရာ များကို ဆက်လက် သုံးသပ်အကြံပြုဆွေးနွေးပွဲသို့တက်ရောက်သည်။

 

၁၁.၅.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 ရုံးတက်ရောက်သည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော် ဘဏ္ဍာရေး၊        စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးပြုလုပ်သည်။

 

၁၂.၅.၂၀၁၆(ကြာသပတေးနေ့)       ရုံးတက်ရောက်သည်။ (၁၅း၀၀)နာရီအချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ကျင်းပပြုလုပ်သောရက်(၁၀၀)အတွင်း ပြည်နယ် အဆင့်ဝန်ဆောင်မှုကို ရှေးရှုသောရဲလုပ်ငန်း(Service Oriented Policing) အသိပညာပေးဆောင်ရွက်မည့် အခမ်းအနားသို့ တက်ရောက် သည်။

 

၁၃.၅.၂၀၁၆(သောကြာနေ့)             ရုံးတက်ရောက်သည်။                                                                         

 

၁၄.၅.၂၀၁၆ (စနေနေ့)                            ရုံးပိတ်ရက်ဖြစ်သည်။                                                                         

 

၁၅.၅.၂၀၁၆(တနင်္ဂနွေနေ့)             (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်၌ မွန်ပြည်နယ် ရဲတပ်ဖွဲ့မိသားစုများ၏ ရဟန်းခံ/ရှင်ပြုအလှူမင်္ဂလာပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

 

၁၆.၅.၂၀၁၆(တနင်္လာနေ့)            (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။ (၁၅း၀၀)နာရီ်အချိန် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။

၁၇.၅.၂၀၁၆(အင်္ဂါနေ့)                ရုံးတက်ရောက်သည်။(၁၁း၀၀)နာရီအချိန်တွင်ပြည်သူ့စေတနာ့ဝန်ထမ်း အသင်း(သထုံ)မှ ဦးသိန်းသန်းနှင့်အဖွဲ့တို့လာရောက်တွေ့ဆုံသည်။ (၁၄း၀၀)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ (UN Agencies) အဖွဲ့နှင့်တွေ့ဆုံသည်။

 

၁၈.၅.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေး ခန်းတွင်   မွန်ပြည်နယ်ကျောက်မိုင်းကိစ္စနှင့် ပက်သက်ပြီး မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကျော်သန်းလင်း၊ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖုန်းမြတ်သူနှင့် မွန်ပြည်နယ်လွှတ်တော်ရုံးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးသည်။

 

၁၉.၅.၂၀၁၆(ကြာသပတေးနေ့)                ရုံးတက်ရောက်သည်။                                                             

 

၂၀.၅.၂၀၁၆(သောကြာနေ့)          (၀၉း၀၀)နာရီအချိန် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ သမိုင်းဝင်ဘင်လှိုင် ရွှေဆံတော်စေတီစိန်ဖူးတော်အသစ်တင်လှူပွဲသို့ တက်ရောက်ကြည်ညှိ ပါသည်။ ၎င်းမှအပြန်မှိန်းကနိမ်း ဆရာတော်ထံသွားရောက်ကန်တော့ ပါသည်။ ရုံးသို့ဆက်လက်တက်ရောက်ပါသည်။

 

၂၁.၅.၂၀၁၆(စနေနေ့)                             ရုံးပိတ်ရက်ဖြစ်ပါသည်။                                                                        

 

၂၂.၅.၂၀၁၆(တနင်္ဂနွေနေ့)             သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး (၁၀း၀၀)နာရီအချိန်တွင် စက်သစ် ရပ်ကွက်၊ (၁၃း၀၀)နာရီအချိန်တွင် အောင်ချမ်းသာရပ်ကွက်၊ (၁၅း၀၀) နာရီအချိန်တွင် ကြာကန်ရပ်ကွက်၌ မဲဆန္ဒရှင်လုပ်သားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပါသည်။

 

၂၃.၅.၂၀၁၆(တနင်္လာနေ့)              (၀၉း၀၀)နာရီအချိန်တွင်သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ နှင့်တွေ့ဆုံပြီး မြို့နယ်စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ရပ်ကွက်/ ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆွေးနွေးပါသည်။ (၁၃း၀၀)နာရီအချိန်မုဒုံမြို့၊ ရွှေဟင်္သာခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်ထပ်မံတွေ့ဆုံပြီး မြို့နယ်၊ ရပ်ကွက်/ကျေးရွာစီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

၂၄.၅.၂၀၁၆(အင်္ဂါနေ့)                   (၀၉း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့၊ ရွှေဟင်္သာခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်ဥပဒေချုပ်အဖွဲ့သည်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့နယ်စီးပွားရေး၊လူမှုရေး၊လုံခြုံရေးနှင့် ရပ်ကွက်/ကျေးရွာများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုဆွေးနွေးသည်။ ၎င်းနောက်ရုံးသို့ ဆက်လက်တက်ရောက် သည်။

 

၂၅.၅.၂၀၁၆(ဗုဒ္ဓဟူးနေ့)                (၀၉း၀၀)နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖွဲ့သည်ချောင်းဆုံမြို့နယ်၊ကျွန်းသာယာခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့နယ်၏   စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေး ပါသည်။

 

၂၆.၅.၂၀၁၆(ကြာသပတေးနေ့)       ရုံးတက်ရောက်ပါသည်။ ပြည်နယ်လွှတ်တော်ရုံးတွင် ဥပဒေရေးရာ ကော်မတီအစည်းအဝေး ပြုလုပ်သည်။ 

 

၂၇.၅.၂၀၁၆(သောကြာနေ့)          ရုံးတက်ရောက်ပါသည်။ ပြည်နယ်လွှတ်တော်ရုံးတွင် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ် ရေးကော်မတီ အစည်းအဝေးပြုလုပ်သည်။

 

၂၈.၅.၂၀၁၆(စနေနေ့)                   သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး(၀၉း၃၀)နာရီအချိန်တွင် ဟံသာထော ကျောင်း၌ကျင်းပပြုလုပ်သော(၁၇)ကြိမ်မြောက်မွန်ပြည်နယ် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့(မွန်ဒေသလုံးဆိုင်ရာ)သင်တန်း ဆင်းဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။ (၁၃း၀၀)နာရီအချိန် ကျိုက္ခမီမြို့နယ်ခန်းမတွင် ရပ်ကွက်/ကျေးရွာမှ မဲဆန္ဒရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပါသည်။

 

၂၉.၅.၂၀၁၆(တနင်္ဂနွေနေ့)           (၀၈း၀၀)နာရီအချိန် သံဖြူဇရပ်မြို့၊နန္ဒဝန်စာသင်တိုက်တွင် မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့(မြို့နယ်အဆင့်)သင်တန်းဆင်းဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

၃၀.၅.၂၀၁၆ (တနင်္လာနေ့)             ရုံးတက်ရောက်ပါသည်။                                                       

 

၃၁.၅.၂၀၁၆(အင်္ဂါနေ့)                (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။