မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၏ (၂၀၁၆)ခုနှစ်၊ဧပြီလ (၁)ရက်နေ့မှဧပြီလ (၃၀)ရက်နေ့အထိ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း
၁.၄.၂၀၁၆(သောကြာနေ့) ရုံးတက်ရောက်ပါသည်။ ညနေ(၁၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၊အမှတ်(၂)အစိုးရအထက်တန်းကျောင်းရှေ့ အားကစား ကွင်း၌ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင် ကျင်းပသော ဟောပြောပွဲ၊ကာတွန်းပန်းချီပြပွဲနှင့် စာအုပ်ရောင်းချပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားပါသည်။
၂.၄.၂၀၁၆(စနေနေ့) (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့နယ် ရှေ့နေအသင်းအစည်းအဝေးသို့ တက်ရောက်ပါသည်။
၃.၄.၂၀၁၆(တနင်္ဂနွေနေ့) (၁၀း၀၀)နာရီအချိန် ရုံးတက်ရောက်သည်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပဉ္စမနေ့အစည်းအဝေးအစီအစဉ်များအား ရုံးအဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်ပါသည်။
၄.၄.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေး (ပဉ္စမနေ့)ကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်များမှ ကတိသစ္စာပြုပြီး လုပ်ငန်းတာဝန်များသတ်မှတ်သည်။
၅.၄.၂၀၁၆(အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေး (ဆဋ္ဌမနေ့) ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌကို ရွေးချယ်ဆောင်ရွက်ကြရာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ကတိသစ္စာပြုပါသည်။
၆.၄.၂၀၁၆(ဗုဒ္ဓဟူးနေ့) ရုံးတက်ရောက်ပါသည်။
၇.၄.၂၀၁၆(ကြာသပတေးနေ့) (၁၀.၄.၂၀၁၆)နာရီအချိန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP)မှ ဦးအောင်မျိုးကျော်နှင့်မိဇွန်ပန်း အဖွဲ့လာရောက် တွေ့ဆုံသည်။
၈.၄.၂၀၁၆(သောကြာနေ့) ရုံးတက်ရောက်ပါသည်။
၉.၄.၂၀၁၆(စနေနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၀.၄.၂၀၁၆(တနင်္ဂနွေနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၁.၄.၂၀၁၆(တနင်္လာနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၂.၄.၂၀၁၆(အင်္ဂါနေ့) ညနေ (၁၈း၃၀)နာရီအချိန် မော်လမြိုင်ကမ်းနားလမ်း မြို့မတံတား ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် ပါသည်။
၁၃.၄.၂၀၁၅(ဗုဒ္ဓဟူးနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၄.၄.၂၀၁၅(ကြာသပတေးနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၅.၄.၂၀၁၅(သောကြာနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၆.၄.၂၀၁၅(စနေနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၇.၄.၂၀၁၅(တနင်္ဂနွေနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၈.၄.၂၀၁၅(တနင်္လာနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၁၉.၄.၂၀၁၅(အင်္ဂါနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၂၀.၄.၂၀၁၅(ဗုဒ္ဓဟူးနေ့) သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည်။
၂၁.၄.၂၀၁၆(ကြာသပတေးနေ့) ရုံးတက်ရောက်ပါသည်။ (၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးသို့ တက်ရောက်ပါသည်။
၂၂.၄.၂၀၁၆(သောကြာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ် ရေးကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ပါသည်။
၂၃.၄.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်သည်။
၂၄.၄.၂၀၁၆(တနင်္ဂနွေနေ့) ရုံးပိတ်ရက်ဖြစ်သည်။
၂၅.၄.၂၀၁၆(တနင်္လာနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ အစည်းအဝေးသို့ တက်ရောက်ပါသည်။
၂၆.၄.၂၀၁၆(အင်္ဂါနေ့) ရုံးတက်ရောက်သည်။
၂၇.၄.၂၀၁၆(ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်ပါသည်။
၂၈.၄.၂၀၁၆(ကြာသပတေးနေ့) (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာသုံးသပ်ရေး ကော်မတီ၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီနှင့် တိုင်ကြားစာနှင့် အသနားခံစာ၊တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်ပါသည်။
၂၉.၄.၂၀၁၆(သောကြာနေ့) (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် Cuso International အဖွဲ့မှ Ms, Lisa Faye ၊ Mr, Luca Soterilio နှင့် Ma Aye Aye Mar တို့လာရောက်တွေ့ဆုံပြီး လွှတ်တော်ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။
၃၀.၄.၂၀၁၆(စနေနေ့) ရုံးပိတ်ရက်ဖြစ်သည်။

