1320

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ(၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၃.၂၀၁၆(အင်္ဂါနေ့)                     ရုံးတက်ရောက်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းသည်။                                                                                 

၂.၃.၂၀၁၆(ဗုဒ္ဓဟူးနေ့)                             တောင်သူလယ်သမားနေ့ရုံးပိတ်ရက်ဖြစ်သည်။

..၂၀၁၆(ကြာသပတေးနေ့)              ရုံးတက်ရောက်ပါသည်။

..၂၀၁၆(သောကြာ)                         ရုံးတက်ရောက်ပါသည်။                                                                                                      ..၂၀၁၆(စနေနေ့)                            ရုံးပိတ်ရက်ဖြစ်ပါသည်။

..၂၀၁၆(တနင်္ဂနွေနေ့)                                 ရုံးပိတ်ရက်ဖြစ်ပါသည်။                                                                                                                

..၂၀၁၆(တနင်္လာနေ့)                      (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်ခင်ခင်မျိုး လာရောက် တွေ့ဆုံသည်။ မွန်ပြည်နယ်အစိုးရအတွင်းရေးမှူး၏သား နာရေးကိစ္စ သတင်းမေးသွားရောက်သည်။ မော်လမြိုင်ခရိုင်ဥပဒေအရာရှိ လာရောက် တွေ့ဆုံသည်။

..၂၀၁၆(အင်္ဂါနေ့)                            ရုံးတက်ရောက်ပါသည်။                                                                                                       

..၂၀၁၆(ဗုဒ္ဓဟူးနေ့)                         ရုံးတက်ရောက်ပါသည်။

၁၀..၂၀၁၆(ကြာသပတေးနေ့)           (၁၀း၀၀)နာရီအချိန် သံလွင်တိုင်း(မ်)ဂျာနယ်အဖွဲ့မှ လာရောက်တွေ့ဆုံ သည်။              

၁၁..၂၀၁၆(သောကြာနေ့)                 (၁၁း၀၀)နာရီအချိန်Ocean Centerမှ တာဝန်ခံများနှင့်ဆောက်လုပ်ရေး အဖွဲ့ဦးထွန်းအောင်ရွှေတို့ လာရောက်တွေ့ဆုံပြီးဖွင့်ပွဲဖိတ်ကြားလွှာများ ပေးသည်။ (၁၄း၀၀)နာရီအချိန်  မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများနှင့် တွေ့ဆုံပြီးရုံးလုပ်ငန်းများ ဆွေးနွေးကြပါသည်။

၁၂..၂၀၁၆(စနေနေ့)                          (၀၈း၀၀)နာရီအချိန် မော်လမြိုင်ကမ်းနားလမ်းတွင် အသစ်ဆောက်လုပ် ပြီးစီးသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ()အဆောက်အဦးသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်ပါသည်။

၁၃..၂၀၁၆(တနင်္ဂနွေနေ့)                  (၀၈း၀၀)နာရီအချိန်မော်လမြိုင်မြို့ သံလွင်ဥယျာဉ်တွင်ဆောက်လုပ်ပြီးစီး သည့် Shopping Center  & Ocean Center ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်သည်။

၁၄..၂၀၁၆(တနင်္လာနေ့)                                ရုံးတက်ရောက်သည်။

၁၅..၂၀၁၆(အင်္ဂါနေ့)                          ရုံးတက်ရောက်သည်။ ဒေါက်တာအေးဇံနှင့် ဦးရွှေမြင့်တို့ လာရောက် တွေ့ဆုံသည်။                    

၁၆..၂၀၁၆(ဗုဒ္ဓဟူးနေ့)                       (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ကျင်းပသော မြေယာမူဝါဒနှင့်စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

၁၇..၂၀၁၆(ကြာသပတေးနေ့)           (၀၉း၀၀)နာရီအချိန်မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကျင်းပပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။  

၁၈..၂၀၁၆(သောကြာနေ့)                 (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းများကို ဆွေးနွေးကြသည်။(၁၁း၄၀)နာရီအချိန် (WFD)  ဒီမိုကရေစီဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဒေါ်ချိုချိုဦးနှင့်အဖွဲ့တို့လာရောက်တွေ့ဆုံသည်။

၁၉..၂၀၁၆(စနေနေ့)                         (၀၅း၃၀)နာရီအချိန် မော်လမြိုင်မြို့ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော (၄၂)နှစ်မြောက်          မွန်ပြည်နယ်နေ့အထိမ်းအမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက် ပါသည်။(၀၈း၀၀)နာရီအချိန် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော (၄၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ သဘာပတိ အဖွဲ့ဝင်အဖြစ်တက်ရောက်ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ် ဂုဏ်ဆောင်သူများအား ဆုချီးမြှင့်ပါသည်။

၂၀..၂၀၁၆(တနင်္ဂနွေနေ့)                  (၀၈း၀၀)နာရီအချိန် သံဖြူဇရပ်မြို့ ဓမ္မရာမရွှေကျင်တောရကျောင်းတွင် သားနှင့်မြေးများအား  ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲ ပြုလုပ်ပါသည်။

၂၁..၂၀၁၆(တနင်္လာနေ့)                                ရုံးတက်ရောက်သည်။                                                                                                       

၂၂..၂၀၁၆(အင်္ဂါနေ့)                          ရုံးတက်ရောက်သည်။                                                                                                        

၂၃..၂၀၁၆(ဗုဒ္ဓဟူးနေ့)                       တပေါင်းလပြည့်နေ့ဖြစ်သည်။ နေ့လည်ပိုင်းတွင် မော်လမြိုင်မြို့ NLD ပြည်နယ်ရုံး အစည်းအဝေးသို့ တက်ရောက်သည်။

၂၄..၂၀၁၆(ကြာသပတေးနေ့)          (၀၉း၀၀) နာရီအချိန်    မော်လမြိုင်မြို့    ပြည်နယ်အထွေထွေဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သောကမ္ဘာ့တီဘီရောဂါ တိုက်ဖျက် ရေးနေ့ အခမ်းအနားသို့  တက်ရောက်ပါသည်။   (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ မြေနီကုန်းရပ် ပရိယတ္တိဓမ္မဗိမာန်၌ ဓမ္မစရိယနှင့် ပထမပြန် စာမေးပွဲတွင် စာမေးပွဲဖြေကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော် များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ ရေစက်ချအလှူတော်မင်္ဂလာပွဲသို့ တက်ရောက်ပါသည်။

၂၅.၃.၂၀၁၆(သောကြာနေ့)          (၀၈း၀၀)နာရီအချိန် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ ကိုယ့်အားကိုယ်ကိုး လမ်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။ ၎င်းနောက်သံဖြူဇရပ်မြို့နယ် ဆေးရုံအဆောက်အဦး တိုးချဲ့ဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။ (၁၀း၀၀)နာရီအချိန်တွင်သံဖြူဇရပ်မြို့ အဝေးပြေးမော်တော် ယာဉ်ဝင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ (၁၄း၃၀)နာရီအချိန် မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာ-ထိုင်း ကုန်စည်ပြပွဲ အခမ်းအနားသို့ တက်ရောက်ပြီး (၁၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ Sunshine Hotel ၌ ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။

၂၆.၃.၂၀၁၆(စနေနေ့)                        ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၇.၃.၂၀၁၆(တနင်္ဂနွေနေ)           (ဝရး၀၀)နာရီအချိန် မော်လမြိုင်မြို့နယ် ကျောက်တန်းရပ်ကွက်၊ ကျောက်တန်း စက်ရုံစု          ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။ (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့ ကမ်းနားလမ်း၌ မော်လမြိုင်တိုးချဲ့ ကမ်းနားလမ်းအဆင့်(၆)စီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။

၂၈.၃.၂၀၁၆(တနင်္လာနေ့)              (၀၉း၀၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန် အစည်းအဝေး(ဒုတိယနေ့)သို့ တက်ရောက်သည်။

၂၉.၃.၂၀၁၆(အင်္ဂါနေ့)                   (၀၉း၃၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန် အစည်းအဝေး (တတိယနေ့)သို့ တက်ရောက်သည်။

၃၀.၃.၂၀၁၆(ဗုဒ္ဓဟူးနေ့)                             ရုံးတက်ရောက်သည်။                                                                     

၃၁.၃.၂၀၁၆(ကြာသပတေးနေ့)         (၀၉း၃၀)နာရီအချိန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေး(စတုတ္ထနေ့)သို့တက်ရောက်သည်။