မွန်ပြည်နယ်လွှတ်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၈-၂-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ကိုင်း တိုင်းလွှတ်တာ်ဥက္ကဋ္ဌ၊ ဧရာဝတီ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌနှင့်ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားကို နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



