မွန်ပြည်နယ်လွှတ်တော်၏ လူထုဆက်ဆံရေး( Public Relations) စီမံကိန်းရေးဆွဲခြင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၁၄-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီခန်းမတွင် မွန်ပြည်နယ်လွှတ်တော်ရုံးနှင့် UNDPမှ လူထုဆက်ဆံရေး စီမံကိန်းရေးဆွဲခြင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်းများ၊ အရာထမ်းငယ်များနှင့် UNDP မှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြ ပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်၏ လူထုဆက်ဆံရေး (Public Relations) စီမံကိန်းရေးဆွဲခြင်းအတွက် ဆွေးနွေးကြပါသည်။


