မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၅-၉-၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာခန်းတွင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားလူမျိုးများစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်လာသူများမှ တိုင်းရင်းသားစာပေသင်ဆရာ/ဆရာမများ နေ့စားလပေး ခန့်ထားခြင်းကိစ္စနှင့် တိုင်းရင်းသားသင်ရိုးညွှန်းတမ်းဖတ်စာအုပ်များထုတ်ဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြပါသည်။
အစည်းအဝေးကို (၅-၉-၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



