မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
(၂၅.၁.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင် ရာကော်မတီအစည်း အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ မွန်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးနှင့် မြို့နယ် (၁၀)မြို့နယ်မှ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှ တိုင်းရင်းသားစာပေသင်ကြားသည့်ဆရာ/ဆရာမများအား နေ့စား လပေးခန့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ သိလိုသည်များကိုဆွေးနွေး ညှိနှိုင်း ကြပါသည်။


