2551

မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

(၂၆.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး များအရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတက်ရောက်ကြသူများမှ တိုင်းရင်းသားစာပေသင်ကြားသည့် နေ့စားလပေးဆရာ/ဆရာမ များ ခန့်ထားနိုင်ရေးလျှောက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၆.၁၀.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၃း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။